Advertisement

မပေးစားရင် သတ်သေမယ်ဆိုလို့ လက်ထပ်ပေးလိုက်ရတဲ့ ၁၆နှစ်သားနဲ့ ၇၁နှစ်အရွှယ် အဖွားအိုစုံတွဲ

 အင်ဒိုနီးရှားနိုင်ငံ ရွှာလေးတစ်ရွှာမှာ အသက် ၇၁နှစ်အရွှယ်ရှိ အငြိမ်းစားပင်စင်ရနေသူ အဖွားအိုတစ်ဦးနဲ့ အသက် ၁၆နှစ်သာရှိသေးတဲ့ ဆယ်ကျော်အသက်အရွှယ် ချာတိတ်လေးတို့ဟာ ထူးဆန်းစွာ ချစ်ကြိုက်နေကြပြီး မပေးစားရင် နှစ်ဦးလုံး သတ်သေမယ်တကဲကဲဖြစ်နေတာကြောင့် တာဝန်ရှိသူများက သူတို့နှစ်ဦးကို လက်ထပ်ပေးခဲ့လိုက်ရပါတယ်။


 ဆယ်ကျော်သက်အရွှယ် ချာတိတ်လေး Selamat Riayadi ဟာ သူ့ထက် အသက် ၅၅နှစ်လောက်ကြီးတဲ့ အဖွားအရွှယ် Rohaya ဆိုသူနဲ့ တစ်ဘဝလုံး လက်တွဲသွားဖွယ် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲကို Karangendah ရွှာက ကွန်မြူနစ်ခေါင်းဆောင်ကြီးရဲ့အိမ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသက်ကွာခြားမှု အရမ်းများနေတဲ့ သူတို့နှစ်ဦးကို နှစ်ဖက်ဆွေမျိုးတွေက လုံးဝသဘောမတူကြတာမို့ နှစ်ဦးလုံး သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တာကြောင့် နောက်ဆုံးမှာတော့ ပေးစားလိုက်ရပါတယ်။ Selamat နဲ့ Rohaya တို့ မင်္ဂလာပွဲကို ညဘက်ချိန်ခါကြီးမှာမှ ပြုလုပ်ခဲ့တာဖြစ်ပြီး မင်္ဂလာပွဲကို တတ်ရောက်မယ့်သူ အရေအတွက်ကိုလည်း ကန့်သတ်ထားရပါတယ်။

 ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အနီးအနားရှိ ရွှာသူရွှာသားများကလည်း စိတ်ဝင်စားလာပြီး အုံလိုက်ကျင်းလိုက် လာရောက်ကြမှာဆိုးတာကြောင့်ပဲဖြစ်ပါတယ်။ ဒီလို ကန့်သတ်ထားပေမယ့်လည်း Selamat နဲ့ Rohaya တို့မင်္ဂလာပွဲကို လူပေါင်းအယောက်တစ်ရာခန့်လောက် တတ်ရောက်လာခဲ့တယ်လို့ ပြည်တွင်းမီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

  လူအများစုကတော့ Selamat နဲ့ Rohaya တို့ရဲ့မင်္ဂလာပွဲအပေါ် ဝေဖန်နေကြလျက်ရှိပြီး ဒါဟာ အချစ်စစ်ကြောင့်မဟုတ်ပဲ ငွေကြေးကြောင့်သာ လက်ထပ်ခဲ့တာဖြစ်တယ်လို့ မှတ်ချက်ချနေကြပါတယ်။ သို့ပေမယ့်လည်း Selamat ရော Rohaya ပါ နှစ်ဦးလုံးက ဆင်းရဲချို့တဲ့သူတွေသာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ခွဲမရလောက်အောင် ချစ်သွားခဲ့ကြလို့ အခုလို နှစ်ယောက်တစ်ဘဝအဖြစ် ထူထောင်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်ခင်ဗျာ။

 VitamiN

#knowledge.thithtoolwin.com

 Ref: metro

No comments:

Powered by Blogger.