Advertisement

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က နာမည်ကြီး အနှိပ်ခန်း

၁၉-၄-၂၀၁၇
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က နာမည်ကြီး အနှိပ်ခန်း (နာတာရီ) အား ထိုင်းရဲတပ်ဖွဲ့ နဲ့ အတူ လူကုန်ကူး မှုတိုက်ဖျက်ရေးအရာရှိများက ၀င်ရောက် ဖမ်း ဆီးခဲ့မှု မှာ အဓိက ပါတ်သက်နေသူ ထိုင်းနိုင်င်္ငသားများအား
ဒီကနေ့ မှာ ထောင်ဒဏ်(၁၃)နှစ်နဲ့  အတူပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်းသိရပါတယ်။

ဘန်ကောက်မြို့ တရားရုံးက ပြစ်ဒဏ်များချမှတ်ရာမှာ နာတာရီ အနှိပ်ခန်း ကြီးကြပ်သူ Pong-anant Khanakhet ဖုန်အနမ် ကန်နာကက် ကို ထောင်ဒဏ်(၁၃)နှစ်၊ဒါရိုက်တာဖြစ်သူ စုံပရစုန်ဆွိုင်ကျစ် အား ထောင်ဒဏ် ၁၂နှစ်ခြောက်လ နဲ့  အတူ နောက်ထပ် သုံးဦးကို လည်း ပူးပေါင်းကြံစည်မှု
ဖြင့် ထောင်ဒဏ် ၈နှစ်၆လ နဲ့  ငွေဒဏ် ၆၅၅၀၀၀ ပါ တပေါင်းတည်း ပေးကြရမှာဖြစ်ပါတယ်။

တရားခံတွေကို စွဲဆိုခဲ့တဲ့အမှုတွေကတော့ လူကုန်ကူးမှု-ပြည့်တံဆာအဖြစ်ခိုင်းစေမှုနဲ့ အတူ တရားမ၀င်လာရောက်အလုပ်လုပ်နေသူများအား လက်ခံထားမှု၊အသက်မပြည်သေးတဲ့ (၁၈)နှစ်အောက် မိန်းခလေးငယ်တွေကို အနှိပ်ခန်းတွေမှာ လုပ်ကိုင်ခွင့် ပေးထားတဲ့ အမှုတွေပါ ။တရားခံတွေဟာ အပြစ်ရှိကြောင်း ၀န်ခံခဲ့လို့ ပြစ်ဒဏ်ရဲ့  ထက်ဝက်လျော့ပေးခဲ့တာဖြစ်ပါတယ်။

နာတာရီ အနှိပ်ခန်း ပိုင်ရှင်နဲ့  နောက်ထပ် တရားခံ(၇)ဦးကတော့ အမှုကိုဝန်မခံခဲ့ပဲ တရားရုံးမှာ ဆက်တိုက်နေပါတယ်။၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက် ညက ဘန်ကောက်မြို့ ဟွေခမ်မြို့နယ်ရှိ နာတာရီအနှိပ်ခန်းကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ ပြည့်တန်ဆာအမျိုးသမီး ၁၂၁ ဦးဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရတဲ့ ပြည့်တန်ဆာ ၁၂၁ ဦးမှာ မြန်မာအမျိုးသမီး ပြည့်တန်ဆာ ၅၃ ဦး ပါဝင်ကြောင်း သိရပါတယ်။

No comments:

Powered by Blogger.