Advertisement

ကားတိုက်​မှုဖြစ်​ပြီး​နောက်​က​လေးသရဲပုံရိပ်​(​ကြောက်​စရာကြီး)

ထိုင်းနိုင်ငံ အန်ထောင်းခရိုင်တွင်းမှာ ဖြစ်ခဲ့တဲ့ ကားမတော်တဆမှုဖြစ်ရပ် နောက်ကွယ်မှ ကလေးတဦးရဲ့ ဓာတ်ပုံဟာ လူစင်စစ်လား၊ သရဲတစ္ဆေများလားဆိုပြီး အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အငြင်းပွားနေကြပါတယ်။
ဒီယာဉ်မတော်တဆမှုဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က ပစ်ကပ်ကားတစီးနဲ့ နောက်တွဲပါယာဉ်တစီးတို့ တိုက်မိခဲ့ကြတာဖြစ်ပြီး ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိသူ တွင်ခုံအလုပ်သမားတဦးက ဖုန်းနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခဲ့တာပါ။
ဓာတ်ပုံထဲမှာတော့ ကာတွန်းရုပ်ပုံတွေပါတဲ့ ဝတ်စုံနဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ ကလေးတဦး ကင်မရာဘက် လှည့်ကြည့်နေခဲ့ပုံကို ရှင်းရှင်းလင်းလင်း မြင်နေရတာပါ။
ဒီပုံကို ရိုက်ယူခဲ့သူ အသက် ၃၇ နှစ်အရွယ် ချက်ချိုင်ဆူပလန်က ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေတဆင့် မျှဝေခဲ့တာပါ။
အဲဒီအချိန်မှာ သူ့ရဲ့သူငယ်ချင်းတဦးက ဓာတ်ပုံထဲက ကလေးငယ်အကြောင်းကို မေးခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်မှာတော့ ချက်ချိုင်ဆူပလန်ဟာ ရုတ်တရက် ထိတ်လန့်သွားခဲ့ပြီး သူဟာ ကလေးငယ်ကို သတိမထားမိခဲ့ဘူးလို့ ပြောလိုက်တာပါ။
အဲဒီနောက်တော့ သူဟာ အခင်းဖြစ်တဲ့နေရာဆီ နောက်တကြိမ် ပြန်သွားပြီး စစ်ဆေးမေးမြန်းခဲ့ချိန်မှာလည်း ကလေးကို သိသူမရှိဘဲ အနီးအနားမှာ ကလေးတယောက်မှ ရှိမနေခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီအဖြစ်အပျက်ဟာ အင်တာနက်စာမျက်နှာပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပြီး လူသားလား၊ သရဲတစ္ဆေလားဆိုပြီး အငြင်းပွားစရာ ဖြစ်လာခဲ့တာပါ။
တချို့ကလည်း သဘာဝလွန်ဖြစ်ရပ်တခုအနေနဲ့ သရဲတစ္ဆေတွေဟာ လျင်မြန်တဲ့အဟုန်နဲ့ ရောက်ရှိလာတာဖြစ်မယ်လို့ ပြောနေခဲ့ပြီး တချို့ကတော့ ဒီကလေးငယ်ဟာ အမှန်တကယ်ရှိနေခဲ့ပြီး လူတွေမသိခဲ့တာဖြစ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။
DVB

No comments:

Powered by Blogger.