Advertisement

ဘုရားပေါ်က အလှူခံပုံး ခိုးယူသွားတဲ့ CCTV မှတ်တမ်း (ရှယ်ကြပါ ဖမ်းနိုင်ဖို့)

ဘုရားပေါ်က အလှူခံပုံး ခိုးယူသွားတဲ့ CCTV မှတ်တမ်း (ရှယ်ကြပါ ဖမ်းနိုင်ဖို့)

အလှူခံပုံးကို ဘုရားပေါ်ကနေပုံးလိုက်မပြေးတဲ့ CCTV မှတ်တမ်း တစ်ခုဖြစ်ပါတယ်။ မိုးညှင်းခရိုင် ဟိုပင်မြို့ သမိုင်းဝင် အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်ဘုရားက အလှူခံပုံး ၁၅.၃.၂၀၁၇ ရက်နေ့က ခိုးယူခံရတဲ့ CCTV မှတ်တမ်း ဖြစ်ပါတယ်။

ဒီသူခိုးတွေကို ဖမ်းနိုင်အောင် များများ ကူညီ ရှယ် ပေးကြပါလို့ အကူအညီတောင်းပါရစေ။ (အောက်ဆုံးတွင် CCTV မှတ်တမ်း တွဲတင်ပေးထားတယ်။)


CCTV မှတ်တမ်းကို ကြည့်ပြီး လှောင်ပြောင်ပြောဆိုတဲ့သူတွေ၊ ဆဲဆိုတဲ့သူတွေရော အမျိုးမျိုးရှိခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ မမှန်တာတော့ အမှန်အကန်ပါ။

CCTV ကိုကြည့်သွားခဲ့သူတစ်ယောက်ကတော့ “ကျေးဇူးတင်လိုက်ပေါ့ သူ့မှာ စရားမရှိလို ဒါမှမဟုတ် သောက်စရားမရှိလို လူတွေ ထည့်ထားသော အလှူ ငွေ ကို ခိုးတာ၊ ဦးကိုနီ နှင့် ကိုနေဝင်းကို သတ်တဲ့လူသတ်သမားကြည်လင် လို ဘုရား မခိုးတာတော်သေးတယ်၊ မျိုးချစ်မှန်ရင် ကျေးဇူးတင်လိုက် သာဓု ခေါ်လိုက်ပါ လူငယ်သဘောဝအရ ခိုးတာထင်တယ်ဗျ” ဆိုပြီး လှောင်သွားလိုက်ပါသေးတယ်။


နောက်တစ်ယောက်ကလဲ သူ့အမြင်ကို ဒီလို ပြောသွားပါတယ် “ထိပ်ဆုံးကသူတွေက တဖက်လှည့်ပြည်သူ့ငွေနဲ့ ဘုရားဆောက်/လှူပြတယ် ပြည်သူ့ကွယ်ရာရောက်ရင် ဘုရားဌာပနာတောင် မချန် ခိုးရောင်းစားကြတယ် အောက်ကလူတွေကလည်း ခုလိုလစ်ရင်လစ်သလို ခိုးနေကြတော့ သူခိုးကိုယ်ခိုးနဲ့ သူခိုးနိင်ငံကြီးကို ဖြစ်လို့ . အေးလေ သူမခိုးလည်း သူ့အကြီးတွေ ခိုးမှာပါပဲ သူခိုးတော့ သူစားပေါ့”

အောက်ဆုံးတွင် CCTV မှတ်တမ်းတွဲတင်ပေးထားပါတယ်။ ကြည့်ပြီး လွှတ်လပ်စွာ သုံးသပ် သဘောထားကွဲလွဲနိုင်ပါတယ်။

No comments:

Powered by Blogger.