Advertisement

၃လအရွယ်ကလေးငယ် လက်ကိုင်ဖုန်း Flashမီးကြောင့် မျက်စိကွယ်... (ကလေးများအတွက် share ပေးပါ)




၃လအရွယ်ကလေးငယ် လက်ကိုင်ဖုန်း Flashမီးကြောင့် မျက်စိကွယ်...
(ကလေးများအတွက် share ပေးပါ)

များမကြာမီရက်များက လူတစ်ဦးသည် ၃လသားအရွယ်ကလေးအား ဓာတ်ပုံရိုက်ပေးရာတွင် လက်ကိုင်ဖုန်းရှိ flash မီးအားပိတ်ရန်မေ့သွားခဲ့သည့် အပြင် အကွာအဝေးအလွန်နီးကပ်သွားကာ ကလေးငယ်မျက်နှာနှင့် နို့ဘူးလောက်သာဝေးကွာသောကြောင့် ကလေးငယ်၏ ဘယ်ဘက်မျက်လုံးအမြင်အား ၁.၂ နှင့် ညာဘက်မျက်လုံးအမြင်အား ၀.၂ထိပဲရှိလောက်အောင်ထိခိုက်သွားခဲ့သည်။

ဓာတ်ပုံရိုက်ချိန်တွင် ကလေးငယ်လေ Flashမီးကို မသုံးသင့်လေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်များ ကြီးထွားမှုနှုန်းမှာလုံးဝပြည့်စုံခြင်း မရှိသေးပေ။ Flash မီးသည်ကလေးငယ်များ၏မျက်လုံးဖွံ့ဖြိုးရန်အတွက် များစွာအဟန့်အတားဖြစ်စေပါတယ်။

အသံတိတ်လူသတ်သမားသည် Flash မီးတစ်မျိုတည်းသာမဟုတ်ပေ။

ပညာရှင်များက Flash မီးအပြင် အခြားသော အသံတိတ်လူသတ်သမား နှစ်မျိုးကို အိမ်ထောင်ရှင်လူကြီးများ သတိရှိစေချင်ပါတယ်ဟု အကြံပေးထားပါတယ်။
သတိပြုရမည့်အချက်များမှာ-အသက် ၂နှစ်အောက်ကလေးများ မီးဖွင့်ပြီးမအိပ်ရန်။ ။

သုတေသနပြုချက်များအရ အသက် ၂ နှစ်အောက်ကလေးငယ်များ အမှောင်ချထားသောအခန်းတွင်အိပ်သောကလေးများ အဝေးမှုန်ဖြစ်နိုင် သောအချိုးသည် ၁၀% ၊ ညအိပ်မီးမှုန်ပြပြထွန်းထားသော အခန်းတွင်အိပ်သောကလေလးများ အဝေးမှုန်ဖြစ်နိုင်သောအချိုးသည် ၃၄% နှင့် မီးဖွင့်အိပ်သောကလေးငယ်များ၏ အဝေးမှုန်ဖြစ်နိုင်သော အချိုးသည် ၅၅% ရှိသည်ဟုသိရသည်။
iPad ၊ Hand phone ၊ TV တို့သည် အမြင်အာရုံ၏အသံတိတ် လူသတ်သမား ပင်ဖြစ်ပြီးကလေးငယ်များ အချိန်ကြာမြင့်စွာ ဂိမ်းကစားခြင်း၊ iPad နှင့် Hand phone အစရှိသည့် လျှပ်စစ်ပစ္စည်းများအသုံးပြုခြင်းသည် အဝေးမှုန်ခြင်း၏အဓိက အကြောင်းအချက်ပင်ဖြစ်သည်။

No comments:

Powered by Blogger.