Advertisement

အလှူခံ ထော်လာဂျီ အရှိန်လွန် ဆည်မြောင်းတွင်း ထိုးကျ

အလှူခံ ထော်လာဂျီ အရှိန်လွန် ဆည်မြောင်းတွင်း ထိုးကျ


ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းရဲစခန်းအပိုင်မှာ ဧပြီ ၂၀ ရက်နေ့က ဆွမ်းဆန်စိမ်းအလှူခံ ထော်လာဂျီတစီး အရှိန်လွန်ပြီး ဆည်မြောင်းအတွင်း ထိုးကျခဲ့ပါတယ်။

ဖြစ်စဉ်မှာ အုန်းကုန်းရွာမှ အခြားဒေသတွေကို အုန်းကုန်းရွာ ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်စိမ်းအလှူခံ ထွက်ပြီးအပြန် ကညင်ဆည် ဆည်ဘောင်အတိုင်း မောင်းနှင်လာရာ လိပ်ပေါင်ဆွဲကျေးရွာနားမှာ ရှေ့ကလာတဲ့ ဆိုင်ကယ်နှစ်စီးကို ရှောင်ရင်း အရှိန်မထိန်းနိုင်ဘဲ ဆည်မြောင်းထဲ ထိုးကျသွားခဲ့တာပါ။

ထော်လာဂျီပေါ်မှာ ယာဉ်မောင်းနဲ့အတူ လိုက်ပါလာသူ ၄ ဦးရှိပြီး ၁ ဦး ဒဏ်ရာပြင်းထန်လို့ ဟသာင်္တဆေးရုံ ပို့ဆောင်ထားရပြီး ကျန်လူတွေကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ခုအဖြစ်စဉ်ကို မဲဇလီကုန်းရဲစခန်းမှာ ထော်လာဂျီယာဉ်မောင်းကို ယာဉ်ပ(၄/၂၀၁၇)၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၂၇၉ ယာဉ်မောင်းလိုင်စင်မပါမှုကို (၅၈ ဃ) နဲ့ အရေးယူထားပြီး ရဲလုပ်ငန်းတွေ လုပ်ဆောင်နေတယ်။

ဒဏ်ရာပြင်းထန်တဲ့ လူနာကတော့ ဒီမနက် အနည်းသက်သာလာကြောင်း အမှုစစ်အဖြစ် ဆောင်ရွက်နေတဲ့ မဲဇလီကုန်းစခန်းက ဒုရဲအုပ် မျိုးမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

သတင်း – သန်းထိုက်မြင့်

No comments:

Powered by Blogger.