Advertisement

"အခါခါ ပြန်ဖတ်မိတိုင်း မျက်ရည်ဝဲရပါတယ်" ၀ဋ်ကြွေးရှိက ကျေပါစေ


loading...
"အခါခါ ပြန်ဖတ်မိတိုင်း မျက်ရည်ဝဲရပါတယ်"

ဝဋ်ကြွေးရှိက ကျေပါစေ
************************

ငါ ၏ရင်မှ ချိုမြနို့ရည်
လူတိုင်း ကိုယ်စီ သောက်ကြသည်။

ငါ ၏ပုခုံး ထွန်တုံးကိုတင်
နေပူ မိုးရွာ မနားရအောင်
လယ်ကွင်းပြင်မှာ ရုံးခဲ့သည်။

ငါ ၏ခွန်အား မနားရအောင်
လူတိုင်းအတွက် 
စွမ်းဆောင်မှုများ ပေးခဲ့ပြီ။

ငါ ၏ကျောပြင် အထင်အရှား
ကြိမ်ရာများနဲ့ ပြည့်ခဲ့ပြီ။
ရင်မှာနာကျင် ပြောချင်စကား
"နှုတ်" လျှာဖျားက မထွက်ပြီ။

ငါ ၏မျက်ရည် သက်သေတည်လို့
လူတို့သိဖို့ ပြခဲ့ပြီ။

လူတို့အကျိုး ပြုညားသော်လည်း
ငါ ၏အသက် ငဲ့ညှာမထား
ငါ့အား သတ်၍ စားကြပြီ။

ကျေးဇူးတရား မထောက်ထားသည့်
လူတို့လောက သံသရာဝယ်
ဘယ်သောအခါမှ နွား ဘ၀သို့
မရောက်စေကြောင်း။

ဝဋ်ကြွေးရှိက ကျေပါစေသတည်း
ကျေစေသတည်း.........။ ။ ။

#page၀န်ဆောင်မှု

Admin>>>Hko

No comments:

Powered by Blogger.