Advertisement

ယောက္ခမ ဖြစ်သူကို မကျေနပ်လို့ ရေနွေးကြမ်းအိုးထဲ ကျင်ငယ်ရည် ထည့်တိုက်ခဲ့တဲ့ ချွေးမ

အိနိ္ဒယနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ချွေးမနဲ့ ယောက္ခမတို့ တိုက်ပွဲက ပြင်းထန်ခဲ့ပြီး အမြင် မကြည်လင်မှုတွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတယ် လို့ သိရပါတယ်။ ယောက္ခမ ဖြစ်သူဟာ ချွေးမ ဖြစ်သူကို မတရားခိုင်းစေတာ ကစပြီး၊ အချင်းများမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ချွေးမဖြစ်သူက ယောက္ခမ ဖြစ်သူကို ရေနွေးကြမ်းတိုက်တဲ့ အခါတိုင်း ကျင်ငယ်ရည်တွေ ထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအပြုအမူကို တစ်နှစ်လောက် အထိ ပြုလုပ်ခဲ့ တာကြောင့် ယောက္ခမ ဖြစ်သူဟာ အလွန်စိတ် ဆိုး ဒေါသထွက်ခဲ့ တယ်လို့ ဆိုပါတယ်။

ပါရာဒက်ရှ် ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၃၀) နှစ်အရွယ်ရှိ ရီခါဟာ ယောက်ျား ဖြစ်သူကို ချစ်ကြိုက်ခြင်း မရှိဘဲ အတင်းအကျပ် လက်ထပ်ခဲ့ရ တာကြောင့် အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိလာခဲ့ပါတယ်။ အသက် (၃၄)နှစ်ရှိပြီဖြစ်တဲ့ ဒီပက်ကလည်း ဇနီးဖြစ်သူကို ကျေးကျွန် သဖွယ်ခိုင်းစေ တာကြောင့် မကျေနပ်မှုတွေက ပိုမိုလာခဲ့ ပါတယ်။ ရီခါဟာ ယောကျာ်း ဖြစ်သူကို နှိပ်နယ်ပေးခြင်း၊ အိမ်မှု ကိစ္စတွေ ဆောင်ရွက်ပေးခြင်း တို့ကို လုပ်ဆောင်ရတာ နားလည် သဘောပေါက်ပေမယ့် နှိပ်စက်မှုတွေက ရပ်တန့်ခဲ့ခြင်း မရှိတာကြောင့် လက်စားချေလိုတဲ့ စိတ်တွေ ပေါ်ပေါက်လာခဲ့ ပါတယ်။ ရီခါဟာ ယောက်ျားဖြစ်သူ အိမ်ကနေ ထွက်ခွာလိုပေမယ့် အသက် (၄)နှစ်အရွယ် သမီးလေးကြောင့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ ယောက်ျား ဖြစ်သူရဲ့ မိဘတွေ ဟာလည်း ရီခါကို ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ တာကြောင့် အခုလို ဖြစ်ရပ် ပေါ်ပေါက်လာတာ ဖြစ်နိုင်ကြောင်း မိတ်ဆွေ တစ်ဦးက သုံးသပ် ပြောကြား ခဲ့ပါတယ်။ ရီခါရဲ့ ယောက္ခမကြီး အသက် (၆၀) နှစ်အရွယ်ရှိ ဆူရာ ကျွန်မကို ရီခါက မနှစ်သက်ဘူး ဆိုတာ သိပါတယ်။ သူတို့ဆီကို မကြာခဏသွား ဖြစ်ပါတယ်။ ရီခါ အနေနဲ့ ဘာကြောင့် အခုလို လုပ်ရတာကို မသိပါဘူး။ ကျွန်မတို့ကို ရေနွေးကြမ်းနဲ့ ဧည့်ခံတဲ့ အခါတိုင်း ရီခါ မျက်နှာက အမြဲချိုသာခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ ကလည်း ရေနွေးကြမ်းကို သောက်ခဲ့ပါ တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ရီခါဟာ ရေနွေး ကြမ်းဖျော်နေစဉ် ၊ ဆောင့်ကြောင့်ထိုင်ပြီး ကျင်ငယ်ရည်တွေ ထည့်နေတာ ကျွန်မ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်မအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့တာကြောင့် တိုင်ကြားမှု ပြုလုပ်ခဲ့ပေမယ့် ရဲစခန်းက ချွေးမနဲ့ ယောက္ခမ အကြားဖြစ်တဲ့ ကိစ္စဆိုပြီး ဘာမှ မလုပ်ပေးပါ ဘူး။ ကျွန်မ ကတော့ တရားမျှတမူကို အလိုရှိ ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ရီခါကတော့ ယောက္ခမကို ရေနွေးကြမ်းထဲ ကျင်ငယ်ရည် ထည့်တိုက်မှုကို တစ်နှစ် အတွင်း နေ့စဉ်နီး ပါးလုပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ လက်ရှိအချိန် မှာ ရီခါဟာ ယောက်ျား ဖြစ်သူနဲ့ နားလည်မှု ရယူပြီး ပြန်ပေါင်းနေတယ်လို့ သိရပါတယ်

.messengernewsjournal

No comments:

Powered by Blogger.