မိတ်ကပ်ပျက်သွားတဲ့ ပုံနဲ့ပတ်သက်ပြီး လှောင်ပြောင်သူတွေကို ပညာသားပါပါ တုန့်ပြန်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်။
loading...
လတ်တလော လူမှုကွန်ယက်ပေါ်မှာ စိုင်းစိုင်းရဲ့ ဓာတ်ပုံတစ်ပုံကို အကြောင်းပြုပြီး လှောင်ပြောင်နေကြပါတယ်။
သင်္ကြန်တုန်းကTMFမှာ ရေဆော့ခဲ့တုန်းကပုံပေါ့။
အဲ့ဒီပုံမှာ မိတ်ကပ်တွေရေထိပြီး ပျက်သွားတော့ စိုင်းစိုင်းရဲ့ပကတိရုပ်ရည်အတိုင်း တွေကြရတာပေါ့။ စိုင်းစိုင်းကို လှောင်ပြောင်ကြတဲ့လူတွေက မိတ်ကပ်မပါတော့ အရမ်းရုပ်ဆိုးသွားတယ် ရုပ်အမှန်တွေထွက်လာပြီ စသဖြင့် လှောင်ပြောင်ခဲံ့ကြတာပေါ့။
ဒါပေမယ့်စိုင်းစိုင်းက Public Relations အရမ်းကောင်းတဲ့သူဆိုတော့ ပညာသားပါပါ ပြန်တုန့်ပြန်ပြခဲ့ပါတယ်။ အဝေဖန်ခံနေရတဲ့ ပင်ကိုယ်ရုပ်ကို Application နဲ့ ပိုအိုသွားအောင်လုပ်ပြီး “ဒီရုပ်ကြီးကိုချစ်နိုင်မှ ငါ့ဘဝထဲကိုဝ င်လာခဲ့ပါ” ဆိုပြီး သူရဲ့Facebook အကောင့်မှာ ပြန်တင်ခဲ့ပါတယ်။
သူ့ရဲ့လုပ်ရပ်ကိုစိုင်းစိုင်းအားပေးသူတွေက သဘောအကျကြီးကျကာ ကွီးစိုင်းမကလို့ ဘဘကြီးစိုင်းစိုင်းဖြစ်လည်း ချစ်မှာပါ။ ဖိုးဖိုးစိုင်းဖြစ်နေလည်း ချစ်မှာပါတဲ့ဗျာ။
Credit : Myanmarload

No comments: