Advertisement

မိုးသီးနဲ့ လေပြင်းအန္တရာယ်သတိ နေပြည်တော်အပါအဝင် ဒေသကိုးခု၌ လေထုမတည်မငြိမ်ဖြစ်နေ၍ ဧပြီ ၂၀ရက်မှ၂၄ရက်အတွင်း လေပြင်းနှင့် မိုးသီးကြွေမည့်

မိုးသီးနဲ့ လေပြင်းအန္တရာယ်သတိ

နေပြည်တော်အပါအဝင် ဒေသကိုးခု၌ လေထုမတည်မငြိမ်ဖြစ်နေ၍ ဧပြီ ၂၀ရက်မှ၂၄ရက်အတွင်း လေပြင်းနှင့် မိုးသီးကြွေမည့် အန္တရာယ်သတိပြုရန် မိုး/ဇလက သတိပေးထားသည်။

ထူးခြားမိုးလေဝသအခြေအနေခန့်မှန်းချက်အနေဖြင့် ယနေ့နေ့လည် သတင်းထုတ်ပြန်မှုတွင် အနောက် ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ် နိုင်ကြောင်း သတိပေးထားသည်။

သတင်းထောက်-အောင်သစ်လွင်

No comments:

Powered by Blogger.