Advertisement

မိဘမဲ့ကလေးကျောင်းအတွက် ငွေ ၁၀ သိန်းလှူတဲ့ R ဇာနည်

မိဘမဲ့ကလေးကျောင်းအတွက် ငွေ ၁၀ သိန်းလှူတဲ့
R ဇာနည်
===================================
ဧရာဝတီ

အ၀ါရောင်မျိုးဆက်သစ်အဖွဲ့ - Yellow Generation
Wave မှ သံဃာတော်များ ဦးစီးပြီး လပွတ္တာမြို့တွင် တည်ထောင်ဖွင့်လှစ်ထားသည့် Y.G.W မိဘမဲ့ကလေး
စောင့်ရှောက်ရေး ကျောင်းအတွက် နိုင်ငံကျော်စတီရီယို တေးသံရှင် R ဇာနည်က ငွေကျပ် ၁၀ သိန်းကို ယနေ့ လှူဒါန်းလိုက်ပါတယ်။

“ဒီကနေ့ လှူဒါန်းတဲ့ငွေ ၁၀ သိန်းက ကမ္ဘာသားတေးစီးရီး
ကနေ ရရှိလာတဲ့ငွေဖြစ်ပါတယ်။ ကျနော်တို့က မိဘ
ဖြစ်နေပြီ။ ကိုယ့်သားသမီးတစ်ယောက်တောင် မနည်း
ထိန်းနေရတဲ့အချိန်မှာ ဒီဆရာတော်တွေကကလေးပေါင်း
တစ်ရာကျော်ကို ထိမ်းသိမ်းစောင့်ရှောက်ပြုစုပေးနေတာ
ကို ကြားသိရလို့ ကျောင်းအတွက် လိုအပ်တာတွေ
အသုံးပြုဖို့ လှူဒါန်းတာပါ”ဟု တေးသံရှင် R ဇာနည်က ဧရာဝတီကို ပြောပါတယ်။

ပုသိမ်မြို့ တောင်သူလယ်သမားသင်တန်းကျောင်း - GPI တွင် ပြုလုပ်သည့်အလှူငွေ ပေးအပ်ပွဲတွင် အဆိုတော် R ဇာနည်၏မိသားစုအပြင် R ဇာနည်၏ ချိတ်ဆက်ပေးချက်
အရမန္တလေးမြို့မှ Great AIM ကုမ္ပဏီပိုင်ရှင်ဦးအောင်သူ
နှင့်ဒေါ်ဝါ၀ါဦးမိသားစုကကျပ်သိန်း ၅၀ ၊ ဒေါက်တာနိုင်ဝင်း
မိသားစုက ၅ သိန်းကျပ်နှင့် ကိုသိန်းနိုင်နှင့်အဖွဲ့က ၅ သိန်း
ကျပ် စသဖြင့် လပွတ္တာမြို့ Y.G.W ကျောင်းအတွက် စုစုပေါင်း ကျပ်သိန်း ၇၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဆိုတော် R ဇာနည်မိသားစုမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်
က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ရေရှားဒေသများ
တွင် အ၀ီစိတွင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ကမ်းပြိုမှု
ရင်ဆိုင်နေရသည့် လေးမျက်နှာမြို့နယ်အိုင်သပြုကျေးရွာ
တွင် နေအိမ်များ ဆောက်လုပ်လှူဒါန်းသည့် ပရဟိတ
လုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသေးတယ်။

သတင်းနှင့်ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ

No comments:

Powered by Blogger.