Advertisement

မြန်မာလုပ်သား(၆)ဦး ဘောလုံးပွဲလောင်းကစားတယ် ဆိုပြီး ထိုင်းရဲ မှ ဖမ်းဆီးအချုပ်ခန်းထဲပို့ လွတ်ချင်ရင် ဘတ်ငွေ ၃,၀၀၀ ပေး ဟု ငွေညှစ်ခြင်းခံရ ...

မန်မာလုပ်သား(၆)ဦး ဘောလုံးပွဲလောင်းကစားတယ် ဆိုပြီး
ထိုင်းရဲ မှ ဖမ်းဆီးအချုပ်ခန်းထဲပို့ လွတ်ချင်ရင် ဘတ်ငွေ
၃,၀၀၀ ပေး ဟု ငွေညှစ်ခြင်းခံရ ...
======================
22-4-2017
မဟာချိုင်

    ထိုင်းနိင်ငံမဟာချိုင်နယ်မြေ ထိုင်းယူနီယံမြန်မာရပ်ကွက်
တွင် အလုပ်ပြန်ဈေးဆိုင်ရှေ့ အအေးထိုင်သောက်နေစဉ်
ဘောလုံးပွဲလောင်းကစားစာရွက်အဟောင်းများ ထိုင်နေ
သည်ခုံအောက်မှာ တွေ့တယ်ဆိုကာ ဖမ်းဆီးသွားပြီး လွတ်
ချင်ရင် ဘတ်ငွေသုံးထောင် ပေးရမည် ဟု ထိုင်းရဲ မှ ငွေ
တောင်းခံနေသဖြင့် အကူအညီပေးပါရန် ဆက်သွယ်လာ
ရာ AAC အဖွဲ့ မှ မြန်မာလုပ်သားများကို ဖမ်းဆီးထားသော
မဟာချိုင်ထချလုံရဲစခန်းသို့ ချက်ချင်းလိုက်သွားပြီး ကူညီ
ဆောင်ရွက်နေပါသည်။
မြန်မာလုပ်သားတွေအနေနဲ့ ဥပဒေနဲ့ မလွတ်ကင်းသော
နေရာများကို လုံးဝမသွားကြပါနဲ့ အထူးသဖြင့် ဘောလုံးပွဲ
လောင်းကစားနေရာများ ဖဲဝိုင်းနေရာများ မူးယစ်ဆေးရှိ
သောနေရာများ အနီးပတ်ဝန်းကျင်တွင် သွားလာမိပါက
ကိုယ်တိုင်မလုပ်ပေမယ့်လည်း ယခုလိုဖမ်းဆီးခံရနိင်တယ်
ဆိုတာ AAC မှ သတိပေးလိုက်ပါသည်။

ပုံ- ရဲစခန်းနဲ့ အချုပ်ခန်းတွင် ဖမ်းဆီးခံမြန်မာလုပ်သားများနဲ့
AAC များအား ထချလုံရဲစခန်းတွင်တွေ့ရစဉ်

22-4-2017 စနေနေ့
ညပိုင်း 8 နာရီ

AAC မဟာမိတ်အဖွဲ့

No comments:

Powered by Blogger.