Advertisement

MNDAA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား မ႐ႈမလွဆုတ္ခြာ ထြက္ေျပးျခင္း

ျမန္မာ-တ႐ုတ္ နယ္စပ္ပြိဳင့္-၂၀၃၃ေနရာရွိ   MNDAA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား မ႐ႈမလွဆုတ္ခြာ ထြက္ေျပးျခင္း

ေနျပည္ေတာ္ ၊ ဧၿပီ - ၂၁

ယေန႔နံနက္ ဧၿပီ ၂၁ ရက္တြင္ တပ္မေတာ္စစ္ေၾကာင္း ၂ ခုက ႏွစ္ႏိုင္ငံနယ္စပ္အနီး ပြိဳင့္(၂၀၃၃)ေတာင္ကုန္း၌ အခိုင္အမာ ေနရာယူထားသည့္ MNDAA အၾကမ္းဖက္ေသာင္းက်န္းသူ စခန္း ၂ ခုကုိ လက္နက္ႀကီး ပစ္ကူရယူၿပီး မုိးထဲေရထဲမွာ ေပးအပ္သည့္တာ၀န္ကုိ ေက်ပြန္စြာထမ္းေဆာင္လ်က္ တက္ေရာက္ေခ်မႈန္း သိမ္းပုိက္ရာ ပထမကုန္းအား ၁၀ နာရီ ၂၀ မိနစ္တြင္လည္းေကာင္း၊ ဒုတိယကုန္းအား ၁၁ နာရီ ၂၅ မိနစ္တြင္လည္းေကာင္း သိမ္းပုိက္ရရွိၿပီး ဆုတ္ခြာထြက္ေျပးသည့္ ရန္သူအုပ္စုအတြင္းသုိ႕ မိမိလက္နက္ႀကီးမ်ား ျဖင့္ စုၿပဳံပစ္ခတ္မႈမ်ားေၾကာင့္လည္း ရန္သူတုိ႕ ေသေက်ဒဏ္ရာရမႈမ်ားျပားခဲ့၍ မိမိဘက္မွ စစ္သည္ ၁ ဦးသာ လက္နက္ငယ္ဒဏ္ရာ (မစိုးရိမ္ရ) ရရွိခဲ့ကာ စခန္း ၂ ခုမွ အာရ္ပီဂ်ီ ၂ လက္အပါအ၀င္ လက္နက္မ်ိဳးစုံ ၆ လက္ႏွင့္ ခဲယမ္း၊ လက္ပစ္ဗုံးအေျမာက္အမ်ားရရွိခဲ့ေၾကာင္း သိရွိရပါသည္။

ယခုသိမ္းပိုက္ရရွိသည့္ ပြိဳင့္(၂၀၃၃)ေနရာသည္ ႏွစ္ႏိုင္ငံနယ္စပ္ လမ္းေၾကာင္း အား အခြင့္ေကာင္းယူ၍ ဘီပီ(၁၁၂)မွ ဘီပီ(၁၁၀)သုိ႕ MNDAA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား၏ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ား ေဆာင္ရြက္သည့္လမ္းေၾကာင္းမ်ားအနက္ တစ္ခုအပါအ၀င္ျဖစ္၍ ပိတ္ဆုိ႕ဟန္႕တားသည့္ အခြင့္ေကာင္းကုိ တပ္မေတာ္ စစ္ေၾကာင္းမ်ားမွ ရရွိခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ အဆုိပါ နယ္ေျမတစ္၀ုိက္အပါအ၀င္ ပြိဳင့္(၂၁၄၅) အေရွ႕ဘက္ျခမ္း ႏွစ္ႏိုင္ငံနယ္စပ္ေနရာအခ်ိဳ႕ရွိ ၾကြင္းက်န္ေနေသာ အၾကမ္းဖက္ေသာင္းက်န္းသူ စခန္းမ်ား ကုိလည္း တပ္မေတာ္စစ္ေၾကာင္း အသီးသီးက ဆက္လက္ရွင္းလင္းလ်က္ရွိေနေသးေၾကာင္း သတင္းရရွိ ပါသည္။

(Unicode Version)

မြန်မာ-တရုတ် နယ်စပ်ပွိုင့်-၂၀၃၃နေရာရှိ   MNDAA အကြမ်းဖက်သောင်းကျန်းသူများ မရှုမလှဆုတ်ခွာ ထွက်ပြေးခြင်း

နေပြည်တော် ၊ ဧပြီ - ၂၁

ယနေ့နံနက် ဧပြီ ၂၁ ရက်တွင် တပ်မတော်စစ်ကြောင်း ၂ ခုက နှစ်နိုင်ငံနယ်စပ်အနီး ပွိုင့်(၂၀၃၃)တောင်ကုန်း၌ အခိုင်အမာ နေရာယူထားသည့် MNDAA အကြမ်းဖက်သောင်းကျန်းသူ စခန်း ၂ ခုကို လက်နက်ကြီး ပစ်ကူရယူပြီး မိုးထဲရေထဲမှာ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်လျက် တက်ရောက်ချေမှုန်း သိမ်းပိုက်ရာ ပထမကုန်းအား ၁၀ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ ဒုတိယကုန်းအား ၁၁ နာရီ ၂၅ မိနစ်တွင်လည်းကောင်း သိမ်းပိုက်ရရှိပြီး ဆုတ်ခွာထွက်ပြေးသည့် ရန်သူအုပ်စုအတွင်းသို့ မိမိလက်နက်ကြီးများ ဖြင့် စုပြုံပစ်ခတ်မှုများကြောင့်လည်း ရန်သူတို့ သေကျေဒဏ်ရာရမှုများပြားခဲ့၍ မိမိဘက်မှ စစ်သည် ၁ ဦးသာ လက်နက်ငယ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ စခန်း ၂ ခုမှ အာရ်ပီဂျီ ၂ လက်အပါအဝင် လက်နက်မျိုးစုံ ၆ လက်နှင့် ခဲယမ်း၊ လက်ပစ်ဗုံးအမြောက်အများရရှိခဲ့ကြောင်း သိရှိရပါသည်။

ယခုသိမ်းပိုက်ရရှိသည့် ပွိုင့်(၂၀၃၃)နေရာသည် နှစ်နိုင်ငံနယ်စပ် လမ်းကြောင်း အား အခွင့်ကောင်းယူ၍ ဘီပီ(၁၁၂)မှ ဘီပီ(၁၁၀)သို့ MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်သည့်လမ်းကြောင်းများအနက် တစ်ခုအပါအဝင်ဖြစ်၍ ပိတ်ဆို့ဟန့်တားသည့် အခွင့်ကောင်းကို တပ်မတော် စစ်ကြောင်းများမှ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ နယ်မြေတစ်ဝိုက်အပါအဝင် ပွိုင့်(၂၁၄၅) အရှေ့ဘက်ခြမ်း နှစ်နိုင်ငံနယ်စပ်နေရာအချို့ရှိ ကြွင်းကျန်နေသော အကြမ်းဖက်သောင်းကျန်းသူ စခန်းများ ကိုလည်း တပ်မတော်စစ်ကြောင်း အသီးသီးက ဆက်လက်ရှင်းလင်းလျက်ရှိနေသေးကြောင်း သတင်းရရှိ ပါသည်။

No comments:

Powered by Blogger.