Advertisement

မြေကြီးထဲ ၃ ရက်ကြာ မြှုပ်ခံထားရသည့် ကလေးငယ်အား အသက်ရှင်လျက်ကယ်တင်နိုင်​ခဲ့

မြေကြီးထဲ ၃ ရက်ကြာ မြှုပ်ခံထားရသည့် ကလေးငယ်အား အသက်ရှင်လျက်ကယ်တင်နိုင်

တောင်အာဖရိကနိုင်ငံမှာ မိခင်ဖြစ်သူက မြေကြီးတွင်းထဲမှာ ၃ ရက်ကြာ အရှင် လတ်လတ် မြှုပ်နှံထားခံခဲ့ရတဲ့ ကလေးငယ်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ် လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

အဆိုပါ ကလေးငယ်ကို မိခင်ဖြစ်သူ အလုပ်လုပ်ရာ သစ်စက်ရုံတရုံအနီးမှာ စွန့်ပစ် ခဲ့တာဖြစ်ပြီး ၀န်ထမ်းတွေက ကလေးငိုသံကြားခဲ့ရာကနေ ပြန်လည်ကယ်တင်နိုင်ခဲ့တာပါ။

သစ်စက်အနီးက ပစ္စည်းတွေ စွန့်ပစ်ရာ မြေကျင်းထဲက သဲတွေနဲ့ သစ်သားတုံး တွေအောက်က ၀န်ထမ်းတွေက ဆွဲထုတ်ကယ်တင်ခဲ့ကြရတာပါ။

အဲဒီကလေးငယ်ဟာ ယောက်ျားလေးတဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် မိခင် ဖြစ်သူက စွန့်ပစ်ခဲ့ကြောင်း ရဲတွေကို ၀န်ခံပြောလိုက်ပါတယ်။

သူ့မှာ ၄ နှစ်အရွယ် ကလေးတဦးရှိနေခဲ့ပြီး ခုမွေးဖွားလာတဲ့ နောက်ထပ်ကလေး ကို မိဘတွေက မလိုလားမှာ စိုးရိမ်စိတ်နဲ့ ခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ရဲအရာရှိ ဂျရေးလ်ဒ် အမ်ဖက်ကာက “သူတို့တွေ(စက်ရုံဝန်ထမ်းတွေ) ဟာ ကလေးကို တွင်းထဲက မြေကြီးအောက်မှာ သစ်သားတွေဖုံးနေလျက်သားအခြေအနေနဲ့ ရှာဖွေတွေ့ခဲ့ကြတာ။ သူ့ရဲ့ အမေဖြစ်သူကတော့ ဒါ သူ့ကလေးပါလို့ ၀န်ခံတယ်။ သူ့မိဘတွေကို ကြောက်လို့ ခုလိုလုပ်ရတာလို့ ပြောပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကလေးငယ်ကို နီးစပ်မရာ ပို့တ်ရှက်ပ်စတုန်းဒေသတွင်းဆေးရုံကို ပို့ဆောင်ထားခဲ့ကာ အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိကာ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ လုပ်ဆောင်နေတာပါ။

ဒါပေမယ့် မိခင်ဖြစ်သူ အမျိုးသမီးကို ပြစ်ဒဏ်ချမှတ်မလား၊ ဒါမှမဟုတ် သူ့ရဲ့ က လေးဖြစ်သူနဲ့အတူ ပြန်လည် ပေါင်းစည်းကြသလားဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

No comments:

Powered by Blogger.