Advertisement

တနင်္လာရီက ပါးရိုက်တဲ့ကိစ္စ အကြောင်းအရင်း

တနင်္လာရီက ပါးရိုက်တဲ့ကိစ္စ အကြောင်းအရင်း

လက်ပါတာတော့ လွန်တယ်

တနင်္သာရီတိုင်းအမတ် ကိုရဲမြင့်ဆွေကိစ္စနဲ့ပတ်သတ်ပြီး နည်းနည်းပြောချင်ပါတယ်။ ဗီဒီယိုထဲကသူတို့စကားသံတွေကလည်း သိပ်နားမလည်ဘူး။ ပြီးတော့ ဗီဒီယိုရိုက်နေတာတွေကြည့်ပြီး သံသယနည်းနည်းရှိမိတယ်။  အဲ့ဒါကြောင့် ဒေသခံတွေမိတ်ဆွေတစ်ချို့ဆီ လှမ်းမေးကြည့်တယ် ပြန်ကြားတဲ့အတိုင်းပဲ အမှန်တိုင်းပြောပြမယ်။

တိုင်းအမတ် ကိုရဲမြင့်ဆွေက ကျောင်းဆောက်တာကို အရည်အသွေးသွားစစ်တယ်။ အဲ့မှာထည့်ထားတဲ့ တံခါးဘောင်တွေက အရည်အသွေးမပြည့်တာတွေ့ရတယ်။ ရွာသူရွာသားတွေကလည်း မကျေနပ်လို့လဲခိုင်းတယ်။ ဒါကြောင့်ပြန်လဲခိုင်းတယ်။ ဒါကို အခြားရွာကလူဖြစ်တဲ့ ကိုထွန်းလှက လဲစရာမလိုဘူးဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးစကားများတယ်။ မချေမငံပြောတယ်။ အဲ့မှာ ကိုရဲမြင့်ဆွေက စိတ်လွတ်ပြီး လက်ပါသွားတယ်လို့ သိရတယ်။

အရိုက်ခံရတဲ့သူက အရင်ကပါတီဝင်တစ်ယောက်။ ကိစ္စတစ်ခုကြောင့်ထွက်သွားတယ် တစ်ဖက်ရောက်သွားတယ်။ အဲ့တော့ အမြဲအကန်တွေချည်းလုပ်နေတာလို့ ကြားသိရတယ်။

နောက်သိရတာက အမတ်ကိုရဲမြင့်ဆွေက လူတော်လူမှန်တစ်ယောက် ခုလိုတစ်ခါမှမဖြစ်ဘူးဘူးလို့ပြောပါတယ်။ ဒါက ဒေသခံမိတ်ဆွေတစ်ချို့ရဲ့ပြောပြချက်ပါ။ ဟုတ်မဟုတ် မှန်မမှန်ဆိုတာကတော့ ပါတီတာဝန်ရှိသူတွေက စစ်ဆေးပါ။

အဲ့တော့ ကျွန်တော်ပြောချင်တာက ဒီကိစ္စမှာ ပြဿနာဖြစ်ရတဲ့အကြောင်းအရင်က ကိုရဲမြင့်ဆွေမှန်တယ်။ လက်ပါတာကတော့ ကိုရဲမြင့်ဆွေမှားပါတယ်။ အမတ်တစ်ယောက်အနေနဲ့ လက်ပါစရာ လုံးဝမလိုဘူး။ တရားနည်းလမ်းတကျပဲဖြေရှင်းရပါမယ်။ ခုလိုလုပ်တာ ပါတီပုံရိပ်ကို ထိခိုက်ပါတယ်။ စိတ်ခံစားမှုနောက်ကို လိုက်သွားတဲ့အတွက် တစ်ဖက်အဖွဲ့ ဂွင်ထဲရောက်သွားသလို ဖြစ်သွားပါတယ်။

အဲ့အတွက် တစ်ဖက်က ကျေနပ်သည့်အထိတောင်းပန်းရပါမယ်။ ပါတီကလည်း လိုအပ်သလို သတိပေးဆုံးမဖို့လိုပါလိမ့်မယ်။

ခုလိုအဆောက်အဦးတွေ အရည်အသွေးမပြည့်တာနဲ့ပတ်သတ်ပြီး NLD အစိုးရအဖွဲ့ကိုပြောချင်ပါတယ်။ ဟိုတနေ့ကလည်း မိတ်ဆွေတစ်ယောက်သူတို့ဆီက ကျောင်းဆောက်တာ အုပ်ခဲတွေက လက်မနဲ့တောင်ဖိခြေလို့ရတယ်ဆိုပြီးပြတယ်။ တော်တော်ဆိုးတယ်။

အဲ့တော့ အစိုးရအဖွဲ့အနေနဲ့ ဒီလိုဆေးရုံး၊ကျောင်း၊ ဆေးပေးခန်းစသဖြင့် လုပ်ငန်းတွေကို ကန်ထရိုက်ပေးတဲ့အခါမှာ အရင်အဖွဲ့အစည်းတွေကိုပဲ ပြီးသလွယ်ချပေးနေသလိုဖြစ်နေတယ်။

ကျွန်တော်တို့အမြဲပြောတယ် NLD အစိုးရအဖွဲ့ဝင်အချို့ဟာ အလုပ်လုပ်တဲ့နေရာမှာ အရည်အသွေးပိုင်း အားနည်းချက်လည်းရှိတယ်၊ ပြတ်ပြတ်သားသားမလုပ်ရဲဘူး၊ လူမုန်းမှာလည်းကြောက်တယ်။ အရင်လူတွေနဲ့ လမ်းခွဲပြီး ပြတ်ပြတ်သားသားမရပ်တည် ရဲသလိုဖြစ်နေတယ်။

အဲ့ဒါကြောင့်လည်း အရင်လက်ထက်က ပေါင်းစားခဲ့သူတွေက ခုအစိုးရလက်ထက်မှာလည်း ဟန်မပျက် စားလို့သောက်လို့ကောင်းနေတာဖြစ်တယ်။

NLD ကလူတွေဟာ အရင်အစိုးရအဆက်ဆက်က ခရိုနီတွေ၊ စားဖားတွေ ၊ဆိတ်လစေ့တွေ၊ ဖော်လံဖားလော်ဘီတွေကို နေရာပေး အရောဝင်နေတဲ့ပုံစံမျိုးတွေတွေ့နေရတယ်။ ဒါကြောင့် NLD အစိုးရဟာ ခရီးပေါက်သင့်သလောက် မပေါက်တာပဲ။ ဒါကြောင့် ဒီလူတွေနဲ့ လုံးဝလမ်းခွဲဖို့လိုပါလိမ့်မယ်။

အဲ့ဒီနောက်ဆက်တွဲက ခုလိုမျိုးပြဿနာတွေဖြစ်ရတာပဲ။ ဒါကြောင့် NLD အစိုးရအဖွဲ့ရော လွှတ်တော်အမတ်တွေပါ ဒီဖြစ်ရပ်ကနေသင်္ခန်းစာယူကြပါ။

အရင်လူတွေဖောက်တဲ့လမ်းမှာပဲ မျှောလိုက်မနေကြပါနဲ့။ မိမိနောက်ကျောဓာတ်းနဲ့ထိုးမယ့် လူတွေကိုမြင်အောင်ကြည့်ပါ သူတို့နဲ့ ခွဲထွက်ကြပါ။ ပြည်သူနဲ့ကျောချင်းကပ်ပါ။ ဝေဖန်ထောက်ပြနေသူတွေကို ရန်သူလိုမမြင်ကြပါနဲ့ ။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Crd ကျော်ကြီး(MDY)
KGM@Maung Mon Aung
#MyMedia

No comments:

Powered by Blogger.