Advertisement

ဝက်ရူးပြန်မိခင်ရဲ့အသက်ကို ကယ်တင်လိုက်နိုင်ခဲ့တဲ့ 5 နှစ်အရွယ် ကလေးငယ်

ဝက်ရူးပြန်မိခင်ရဲ့အသက်ကို ကယ်တင်လိုက်နိုင်ခဲ့တဲ့ 5 နှစ်အရွယ် ကလေးငယ်
By netsetaw - April 21, 2017

အသက် 5 နှစ်သာရှိသေးတယ် Salvatore Cicalese အမည်ရ ကလေးငယ်လေးဟာ ရေချိုးခန်းထဲမှာ လဲကျသတိ မေ့နေတဲ့ မိခင်ကို သေဆုံးနေပြီအထင်နဲ့ အိမ်နီးနားချင်းဖြစ်သူကို သွားရောက်သတင်းပို့ခဲ့ပါတယ်။ Salvatore ရဲ့ လက်ထဲမှာ ညီမလေးဖြစ်သူကို မနိုင့်တနိုင်ပွေ့ချီထားပြီး အိမ်နီးနားချင်းအမျိုးသမီးအိမ်ရဲ့ တံခါးကို ခေါက်ခဲ့ပါတယ်။

အိမ်ပိုင်ရှင် Jessica Penoyer က တံခါးခေါက်သံကြောင့် ထွက်ကြည့်လိုက်တော့ Salvatore က ” မေမေ ရေချိုး ခန်းထဲမှာ ဆုံးသွားပြီ … ကျနော်တို့ကို စောင့်ရှောက်နိုင်မလား “လို့ မေးခဲ့ပါတယ်။ Jessica ဟာ ချက်ချင်း ပြာယာ ခတ်သွားပြီး Salvatore တို့ အိမ်ကို လိုက်ကြည့်ခဲ့ပါတယ်။

Salvatore ရဲ့ မိခင်က ရုတ်တရက် ၀က်ရူးပြန်ပြီး ရေချိုးခန်းထဲမှာ လဲကျနေတာပါ။ အရေးပေါ်ဌာနကို အမြန်ဖုန်းဆက် ပြီး အကူအညီတောင်းခဲ့ရပါတယ်။ ဒေါက်တာရောက်လာတော့ 5 နှစ်သာရှိသေးတဲ့ Salvatore က ညီမလေးကို
စောင်နဲ့ပတ်ကာ ခဏထားပြီး တံခါးတွေဘာတွေ ထဖွင့်ပေးသေးတယ်လို့ ဆိုပါတယ်။

READ
အိုင်ဖုန်းအသစ်တစ်လုံးဝယ်ရာမှ နာမည်ကြီးအနုပညာရှင်တွေရဲ့ ဖုန်းနံပါတ်တွေပါနေတဲ့အဖြစ်ဆန်း
အရေးပေါ်ဌာနဖုန်းမှတ်တမ်းထဲမှာ Jessica က ” ကျွန်မတို့အိမ်နီးချင်းရဲ့ ကလေးလေးက အိမ်တံခါးကို လာခေါက်ပြီး သူ့အမေ ရေချိုးခန်းထဲမှာဆုံးပြီလို့ လာပြောပါတယ် “ဆိုပြီး သတင်းပေးထားပါတယ်။ Jessica က ” ပထမတော့ သူ့လက်ထဲက မနိုင်တနိုင်ချီထားတာကို အရုပ်ကလေးလို့ ထင်လိုက်တယ် … သူ့ညီမလေးပါဘဲ … သူက လည်လည်ခြယ်ခြယ်ပဲ သားတို့အမေ သေသွားပြီး သားတို့ကို စောင့်ရှောက်နိုင်မလားလို့ မေးတယ် “ဟု ပြန်ပြောပြပါ တယ်။

Salvatore တို့ဟာ အရီဇိုးနားမှာ နေထိုင်ကြပြီး၊ သူရဲ့မိခင် Kaitlyn Cicalese ဟာ မကြာခဏ အတက်ရောဂါ ဖြစ် လေ့ ရှိသူပါ။ အခု သူမရဲ့ အသက်ကို သားဖြစ်သူ Salvatore က ကယ်တင်လိုက်တာမို့ မိခင်ဖြစ်ရလို့ ဂုဏ်ယူနေတယ် လို့ ဆိုပါတယ်။

READ
ပုံမမှန်တဲ့ရင်သားကြောင့် ခွဲစိတ်မှုခြောက်ကြိမ်အထိလုပ်ခဲ့ရတဲ့မော်ဒယ်လ်
Kaitlyn က ” ရိုးရိုးသားသား ၀န်ခံရရင် သားက ကျွန်မအသက်ကို ကယ်လိုက်တာပါဘဲ … အကြောင်းကတော့ အဲဒီအချိန် ရေပိုက်ဖွင့်ထားတဲ့ အချိန်ပါ … သူသာ ကျွန်မကို သတိမထားမိရင် ၀က်ရူးပြန်တာနဲ့ မသေဘူးဆိုရင်တောင် ရေနစ်သေမှာ အမှန်ပါဘဲ “လို့ ပြောခဲ့ပါတယ်။ အားလုံးအဆင်ပြေပါစေ

No comments:

Powered by Blogger.