Advertisement

ခြေထောက်နှစ်ဖက် ပြတ်ခဲ့ပေမယ့် နှစ် ၄၀ နီးပါး မိသားစုကို ရှာဖွေကျွေးမွေးခဲ့သူ





.ခြေထောက်နှစ်ဖက် ပြတ်ခဲ့ပေမယ့်
နှစ် ၄၀ နီးပါး မိသားစုကို ရှာဖွေကျွေးမွေးခဲ့သူ

တချို့သူတွေက ခန္ဓာကိုယ် အစိတ်အပိုင်း ချို့ယွင်းပေမယ့်
စိတ်ဓာတ်ခိုင်မာကြပြီး တချို့တွေကတော့ ခန္ဓာကိုယ် အစိတ်အပိုင်း
စုံလင်ပေမယ့် စိတ်ဓာတ်ပျော့ညံ့ကြပါတယ်။ ခြေထောက်နှစ်ဖက် ပြတ်ခဲ့ပေမယ့် ဘဝကို အရှုံးမပေးတဲ့ ရှီကတော့ ပထမအမျိုးအစားမှာ ပါဝင်သူပါ။

ရှီဟာ အသက် ၁၉ နှစ်အရွယ်မှာ ကြောက်စရာကောင်းတဲ့ မတော်တဆမှု တစ်ခုကြောင့် ခြေထောက်နှစ်ချောင်းလုံး ဖြတ်ခဲ့ရပြီး သိပ်မကြာခင်မှာပဲ
သူတို့မိသားစုရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဖခင်ကြီး ကွယ်လွန်သွားတဲ့အတွက်
ရှီအနေနဲ့ တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။ ရှီဟာ မိခင်အိုကြီးနဲ့
စိတ်ဝေဒနာသည် အစ်ကိုကို လယ်ယာစိုက်ပျိုးပြီး ရှာဖွေကျွေးမွေးခဲ့ရုံ
တင်မကဘဲ ထမင်း၊ ဟင်းချက်တာ၊ အဝတ်အစား လျှော်ဖွတ်တာတွေ
လည်း ကိုယ်တိုင်လုပ်ခဲ့ရပါတယ်။

၂၀၀၆ ခုနှစ်မှာ ရှီရဲ့အမေ ကွယ်လွန်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သူ့အစ်ကို
ကွယ်လွန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရှီဟာ အမျိုးတစ်ယောက်
အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီး သူ တတ်နိုင်သလောက် တစ်နိုင်တစ်ပိုင် အလုပ်လုပ်ပေးခဲ့ပါတယ်။ ရှီဟာ နှစ် ၄၀ လုံးလုံး လက်တွေကိုပဲ အဓိက
အသုံးပြုခဲ့လို့ သူ့လက်တွေက သာမန်အတိုင်း မဖြောင့်တန်းတော့ပါဘူး။

Ref: http://shanghaiist.com/2017/04/28/legless-farmer.php
Nz (ရိုးရာလေး)
Crd ရိုးရာ​လေး



No comments:

Powered by Blogger.