Advertisement

ဦးဇော်မျိုးထွေးက မနီနီလွင်တစ်ဦးတည်းကိုပင် နှစ်လကျော်အတွင်း အကြိမ်ရေ ၃၀ ခန့် ခြိမ်းခြောက် အဓ္ဓမ ပြုကျင့်မှုပြုခဲ့ဟု ဆို



ဦးဇော်မျိုးထွေးက မနီနီလွင်တစ်ဦးတည်းကိုပင် နှစ်လကျော်အတွင်း အကြိမ်ရေ ၃၀ ခန့် ခြိမ်းခြောက် အဓ္ဓမ ပြုကျင့်မှုပြုခဲ့ဟု ဆို
--- သစ်တော် ---
အမျိုးသမီးငယ် ၆ ဦးထက်မနည်းကို ခြိမ်းခြောက် အဓ္ဓမပြုကျင့်မှုဖြင့် ဖမ်းဆီးခံခဲ့ရသော ပခုက္ကူမြို့ နယ်မှ ပရဟိတဆရာ၊ NLD ပါတီဝင်ဟောင်း ဦးမျိုးဇော်ထွေးက မနီနီလွင်အမည်ရှိအမျိုးသမီးတစ်ဦးတည်းကိုပင် နှစ်လအတွင်း ခြိမ်းခြောက်အဓ္ဓမပြုကျင့်မှု အကြိမ်ရေ ၃၀ ခန့် ရှိခဲ့ကြောင်း ကာယကံရှင် မနီနီလွင်က ပြောသည်။

မုဒိမ်းမှုဖြင့် တရားစွဲဆို ခံထားရသော ဦးဇော်မျိုးထွေး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော အမျိုးသမီးငယ်အချို့ က ရန်ကုန်မြို့ ရှိ MJN ရုံးတွင်လာရောက်၍ မတရားခံခဲ့ရမှုကိုရှင်းပြခြင်းတွင် ယင်းကဲ့သို့ တစ်ဦးတည်းပင်လျှင် အကြိမ်ရေ ၃၀ ခန့် အဓ္ဓမပြုကျင့်ခံခဲ့ရခြင်းဖြစ်ကြောင်း အချက်အလက် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

“ မတရားခံရပေမယ့် အမှုမှန်ပျောက်လုလုနီးဖြစ်နေလို့ အကူအညီတောင်းခံပြီး စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မှဖြစ်တော့မယ်ဆိုပြီး ကျင်းပရခြင်းဖြစ်ပါတယ် ” ဟု မုဒိမ်းမှုကျူးလွန်ခြင်းခံရသည့် ကာယကံရှင် မိန်းကလေး မနီနီလွင်က မီဒီယာများအား ပြောသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲအတွင်းက ပြောကြားချက်အရ ဦးဇော်မျိုးထွေးသည် ၄င်းအား အကြိမ်ကြိမ် ခြိမ်းခြောက် အဓမ္မကျင့်မှုပေါင်း အကြိမ် ၃၀ ခန့်ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ နှစ်လကျော်သည်အထိ ၄င်းအား အကြိမ်ကြိမ် အဓ္ဓမပြုကျင့်ခဲ့ခြင်းအပြင် ၄င်း၏ သဘောဆန္ဒမပါဘဲ မဖွယ်မရာဓာတ်ပုံများ ရိုက်ကူပြီး ဓာတ်ပုံပြကာ ခြိမ်းခြောက်မှုများ လုပ်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။ မနီနီလွင်၏ပြောကြားချက်အရ ၄င်းနှင့် မျိုးဇော်ထွေးတို့ မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က FB မှ တစ်ဆင့် မျိုးဇော်ထွေးအကောင့်ဖြင့် လာ၍ Add ခြင်းခံရပြီး ပရဟိတလုပ်သူဖြစ်ကြောင်း ပြောသဖြင့် လက်ခံရာမှစတင်သိကျွမ်းခဲ့ကြောင်း သိရသည်။

" သူ မရှိတဲ့အချိန်မှာ ဖုန်းထဲက သူ ကျွန်မကို ခြိမ်းခြောက်အနိုင်ကျင့်ပြီး ရိုက်ထားတဲ့ ပုံတွေကို SD ကဒ်ထဲကို ကူးယူတဲ့ အချိန်မှာ
တစ်ခြား မိန်းကလေးတွေပါ ကိုယ့်လို ခံခဲ့ရတာကို ကဒ်ထဲကနေတစ်ဆင့် သိခဲ့ရတယ်။ အချိန်လေးလအတွင်းမှာ နောက်ထပ် မိန်းကလေးတွေ ဘယ်လိုခံစားခဲ့ရလဲဆိုတာ ထပ်ထပ်ပြီး သိခဲ့ရတယ်။ ကျွန်မလို မတရားခံခဲ့ရတဲ့ မိန်းကလေးတွေရယ်၊ ကာယကံရှင် ကျွန်မရယ် ခက်ခက်ခဲခဲ ရုံးထွက်ခဲ့ရတဲ့ လက်ကို ၀ိုင်းဝန်းပြီး တွဲပေးကြပါလို့ မေတ္တာရပ်ခံပါတယ် " ဟု မနီနီလွင်က ပြောသည်။

၎င်းအနေဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှ ဧပြီလအထိ နှစ်လအတွင်း ငရဲခန်းသဖွယ် နေခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်များကို စင်ကာပူတွင် နေထိုင်သည့် မခင်လင်းလင်းဖြူအား အကူအညီတောင်း၍ လွတ်မြောက်ရုန်းထွက်ရန် ကြိုးစားခဲ့ရာမှ ဧပြီ ၂၀ ရက်တွင် လွတ်မြောက်ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇော်မျိုးထွေးကို ပခုက္ကူမြို့မ ရဲစခန်းက ( ပ )၂၁၇/၂၀၁၇ ၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဧပြီ ၂၁ ရက်က ဖမ်းဆီးအမှုဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။
Crd akonthi


No comments:

Powered by Blogger.