Advertisement

နောက် ၄၈ နာရီအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာခြင်းနှင့် လေပြင်းတိုက်ခြင်းများဖြစ်ပေါ်လာနိုင်

နောက် ၄၈ နာရီအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးသည်းန်စွာရွာခြင်းနှင့် လေပြင်းတိုက်ခြင်းများဖြစ်ပေါ်လာနိုင်
နောက် ၄၈ နာရီအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာခြင်းနှင့် လေပြင်းတိုက်ခြင်းများဖြစ်ပေါ်လာနိုင်

ရန်ကုန် ၊ ဧပြီ ၂၅

ယနေ့ ဧပြီ ၂၅ ကစတင်ပြီး နောက် ၄၈ နာရီအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားလာသော မိုးတိမ်တိုက်တစ်ခုကြောင့် အဆိုပါအခြေအနေများ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ မှာ အဓိကဖြစ်ပေါ်နိုင်သည်။
လက်ရှိချိန်မှစတင်၍ နောက် ၄၈ နာရီအတွင်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်းတို့တွင်နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုး ထစ်ချုန်းရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်၏Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းအပြင် မိုးတိမ်တောင်များဖြစ်ပေါ်မှုကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများအပြင် မိုးကြိုးပစ်ခြင်းနှင့်မိုးသီးကြွေခြင်းတို့လည်း ဖြစ်ပေါ်နိုင်ကြောင်း ၎င်းကဆိုသည်။
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ချင်းပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ့်နဲ့ ကရင်ပြည်နယ်တို့မှာနေရာ ကွက်ကျား မိုးထစ်ချုန်းရွာခဲ့သည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း မိုးရေချိန်များအနေနှင့် စဥ့်ကိုင်မြို့မှာ (၁.၆၈)လက်မ၊ ဟားခါးမြို့တွင် (၁.၁၄)လက်မ၊ မော်လိုက်မြို့နှင့်လွန်ကျော် မြို့တို့တွင် (၀.၈၂)လက်မစီ၊ တံတားဦး(လေဆိပ်)တွင် (၀.၇၉)လက်မ၊ တီးတိန်မြို့တွင် (၀.၇၁)လက်မ၊ ဖလမ်းမြို့၊ မုံရွာမြို့၊ ကျောက်ဆည်မြို့နှင့်ဂန့်ဂေါမြို့တို့တွင် (၀.၅၈)လက်မစီ၊ မိတ္ထီလာမြို့နှင့်လှိုင်းတက်မြို့တို့တွင် (၀.၅၅)လက်မစီတို့ ဖြစ်သည်။
ဆောင်းနှင်းစက်

No comments:

Powered by Blogger.