Advertisement

ပန်းခရမ်းပြာ အမှုအားစုံ​ထောက်​ကြီးကိုနှင်း​မောင်​နှင့်​​တွေ့​သောအခါ..

“ ကိုနှင်းမောင် နဲ့ ပန်းခရမ်းပြာ အမှု ”
----------------------------------------------

 “ မိပြီ မင်းကြီး ပန်းခရမ်းပြာ ထုတ်လုပ်သူကို မိပြီ ”

“ ဟေး ”

“မောင်မင်း နှင်းမောင် အဲ့ဒါကြောင့် လူကလေး ကို အကျွန်ပ်တို့ နေမ၀င်အင်ပါယာကြီးက အားကိုးနေရတာဗျ။ ”

ကိုနှင်းမောင် တစ်ယောက် အိပ်ထောင့်ထဲက စီးကရက်တစ်လိပ် ဆွဲထုတ်ပြီး မီးညှိလိုက်သည်။ ထို့နောက် မီးခိုးများကို ဖြေးညင်းစွာ မှုတ်ထုတ်လိုက်သည်။

ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟားးးးးးးးးးးးးးးးးးးးးးးးး

မင်းကြီးသည် ဟားတိုက်ကာ ရယ်ချလိုက်ပြီးနောက် ပန်းခရမ်းပြာ ထုတ်လုပ်သူ ရဲ့ ပါးကို ဘယ်ပြန်ညာပြန် ဆက်တိုက် မရပ်တန်း ရိုက်ချလိုက်တော့သည်။

ဖြန်းးးးးဖြန်းးးးးးဖြန်းးးးးးးဖြန်းးးးးးး

မင်းကြီး၏ ဒေါသ အလျောက် ရိုက်နှက်နေမှုကို ဆေးလိပ်မီးခိုးတွေကြားကကိုနှင်းမောင် တားလိုက်သည်။

“ မင်းကြီးစိတ်ထိန်းပါဦး တရားခံကို ဒီလိုလုပ်ခွင့်မရှိပါဘူး  ”

“ လူကလေး နှင်းမောင် အကျွန်ပ်ကိုမတား နဲ့ ဒီကောင့် ကြောင့် အကျွန်ပ် ဖုန်းဘေတွေ ကုန်တာ မနည်းဘူး။ တစ်ခါလာပြန်ပြီ ဒီလင့်က ဒေါင်းပါ။ လာပြန်ပြီး ဒါက လင့် အမှန်ပါ။ နောက်ဆုံး နာမူနာရတော့ viber က ဆက်သွယ်ဝယ်ပါ။ အကျွန်ပ်မှာ ရတဲ့လစာ တစ်ရက်တည်း နဲ့ MPT ကို ကန်တော့လိုက်ရတယ်လူကလေး အဲ့ဒါ ဒီကောင့်ကြောင့်  ”

ဖြန်း …………..ဖြန်း……………….ဖြန်း……………….

" ရပြီ လူကလေး နှင်းမောင် ခေါ်သွားတော့ ဒီကောင့် မျက်နှာ အကျွန်ပ် မကြည့်ချင်ဘူး။"

“ဟုတ်လည်း ဟုတ်တယ် ခင်ဗျားက တင်မှတင် တစ်ခါတည်း အပြီး မတင်ဘူး။ နမူနာ ပဲတင်တော့ မင်းကြီးက ဒေါသထွက်ပြီပေါ့။”

ကိုနှင်းမောင် ပန်းခရမ်းပြာ ထုတ်လုပ်သူကို တိုးတိုးလေး ကပ်ပြောရင်း ရဲဘော်တွေကို အမိန့်ပေးလိုက်သည်။

“ ရဲဘော်တို့ သူ့ကို အချုပ်ခန်းထဲခေါ်သွားလိုက်။”

“နေဦး လူကလေးနှင်းမောင် ”

“မင်းကြီးပြောပါ။”

“ လူကလေး တရားခံ နဲ့အတူ မိတဲ့ သက်သေခံပစ္စည်းတွေ အကျွန်ပ် ကို ပေးခဲ့ပါ ”

“ မင်းကြီး ကျွန်တော် မီးရှို့ဖျက်ဆီးလိုက်ပါပြီ ”

ဖြန်း ………… ………ဖြန်း………………………..ဖြန်း……………………….

ကိုနှင်းမောင် ရဲ့ စီးကရက် ဆေးလိပ်များ အခန်းပြင်သို့ လွင့်စင်လာတော့သည်။

ထို့နောက် အခန်းထဲမှ မင်းကြီး၏ ဒေါသတစ်ကြီး အော်လိုက်သည့် အသံသာထွက်လာတော့သည်။

“ ဟေ့ ရဲဘော်တွေ လူကလေး နှင်းမောင် ပါ အချုပ်ထဲ ခေါ်သွားစမ်း ”

---------
မင်းရသ

ရယ်မောခြင်းဖြင့် နိုင်ငံရေး အမောတွေပြေပါစေ။

ZN.H

No comments:

Powered by Blogger.